ကမ္ဘာ့ပထမဆုံး လွန်ကဲမြန်နှုန်းမြင့် သံလိုက်ရထား တရုတ်တွင် စမ်းသပ်မည်

0
143

တစ်နာရီလျှင် ကီလိုမီတာ ၁၀၀၀ ကျော်မြန်နှုန်းဖြင့်ပြေးဆွဲမည့် ကမ္ဘာ့ပထမဆုံး လွန်ကဲမြန်နှုန်းမြင့် သံလိုက်ရထား(Maglev) စမ်းသပ်ပြေးဆွဲရန်အတွက် လေဖိအားနည်းပြေးလမ်းကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဟေလုံကျန်းပြည်နယ် ဟာဘင်မြို့တွင် တည်ဆောက်နေပြီဖြစ်ကြောင်းသိရသည်။

ယင်း ရထားအား လေဖိအားနည်းပြွန်အတွင်းရှိပြေးလမ်းပေါ်တွင်ပြေးဆွဲမည်ဖြစ်ကာ၊ ကုန်ကျစရိတ်သက်သာသလို ဘေးကင်းမှုအဆင့်လည်းမြင့်မားပြီး၊ ရထားအား တစ်နာရီလျှင် ကီလိုမီတာ ၁၀၀၀ ကျော် မြန်နှုန်းသို့အရှိန်မြှင့် ရောက်ရှိစေနိုင်ကြောင်း တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်နေသော World Artery သယ်ယူပို့ဆောင်ရေး နည်းပညာကုမ္ပဏီ ၏ ဥက္ကဌ Zheng Bin ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here