ပြောစရာရှိလာတဲ့အခါမှာ ကျွန်တော်စာရေးပါတယ် လင်္ကာရည်ကျော်

0
351

lin-kar-yee-kyaw

ဆရာလင်္ကာရည်ကျော်ရဲ့ ‘ပန်းမာန်’ စာအုပ် မိတ်ဆက်ပွဲနဲ့ ရေးသူဖတ်သူ ဆွေးနွေးပွဲ ကို အောက်တိုဘာလ ၃ဝ ရက်နေ့က ပြည်သူ့ ဥယျာဉ် (People’s Park) မှာရှိတဲ့TAB Book Center စာအုပ်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ‘ပန်းမာန်’ စာအုပ်အကြောင်း ဆရာ လင်္ကာရည်ကျော်က ပြောကြားခဲ့ရာမှာတော့…

“ထုတ်မှမပြောလိုက်ရရင် မဖြစ်ဘူး။ ရင်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားနေချိန်မှာ ကိုယ့်လိုပဲ သူများကို ခံစားစေချင်တယ်။ တွေးစေချင် တယ်။ ပြောစရာရှိ လာတဲ့အခါ မှာ ကျွန်တော်စာရေးပါတယ်။ ခံစားရတဲ့အကြောင်း အရာတွေကို မနေနိုင်လွန်းလို့ ရေးရတယ်ဆိုတော့ ဘယ်လိုအကြောင်းအရာတွေကို ခံစားလဲ ဆိုရင် ငယ်ငယ်တုန်း က လူငယ်ပီပီ နှလုံးသားရေးရာ တို့၊ အသည်းကွဲတာတို့ ရေးတာပေါ့။ ကြီးလာတဲ့ အခါကျတော့ အဲဒါတွေ ကHeart  မထိတော့ဘူး။ ဒေါသ ကလည်း ထင်သလောက်မဖြစ်ဘူး။Heart ထိတဲ့ အကြောင်းအရာတွေ ထဲမှာ ရင်ထဲ အများဆုံးထိတာက မေတ္တာတရား။ သား သမီးအရွယ် ပရဟိတလူ ငယ်လေးတွေ ကြောင့် ‘ပန်းဒေါင်း’ရေးဖြစ်တယ်။ ဒီလူငယ် လေးတွေရဲ့ ပရဟိတလုပ်ငန်းက ပိုပြီးကျယ် ပြန့်လာချိန်မှာ ကျွန်တော့်ရင်ထဲက မေတ္တာ ဒီလူငယ်တွေ ကို ချစ်တဲ့အချစ်နဲ့ ‘ပန်းမာန်’ကို ရေးဖြစ်တယ်” လို့ ပြောပြပါတယ်။

အဆိုပါအခမ်းအနားမှာ ဆရာကြည် မင်း၊ ဆရာမောင်သွေးသစ်၊ ဆရာ မြတ်ခိုင်၊ ဆရာကိုရင်လှ၊ ဆရာဒေါက်တာစိုးလွင်၊ ဆရာမပုညခင်၊ ဆရာလေးဒေါ် ကရုဏာ (ခင်နှင်းကြည်သာ)တို့က အမှတ်တရစကား အသီးသီးပြောကြားခဲ့ကြပြီး ဆရာလင်္ကာ ရည်ကျော်က သူ့ရဲ့စာဖတ်ပရိသတ်နဲ့ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ‘ပန်းမာန်’ စာအုပ်ကိုတော့ နန်းဒေဝီစာပေ တိုက်မှထုတ်ဝေဖြန့်ချိကြောင်းသိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here