တရုတ်- မြန်မာနယ်စပ်သို့ ရောက်ရှိခဲ့သော မုန်တိုင်း မြန်မာပြည်မှ ထွက်ခွာပြီ

0
187

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တရုတ်- မြန်မာနယ်စပ်သို့ ရောက်ရှိခဲ့သော မုန်တိုင်းငယ်(Depression) သည် အရှေ့- အရှေ့မြောက်ယွန်းယွန်းသို့ဆက်လက်ရွေ့လျားခဲ့ပြီး၊ တရုတ်နိုင်ငံအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့အားလျော့သွားခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မေလ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံ ၊ရခိုင်ကမ်းရိုးတန်းဒေသများကို စစ်တွေမြို့အနီးမှ ဝင်ရောက်ဖြတ်ကျော်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာထားသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ် ၈၆၄ လုံး၊သာသနိက အဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံးပျက်ဆီးခဲ့ပြီး ဒေသခံ ၃ ဦးသေဆုံးခဲ့ကာအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း ဆက်သွယ်ရေးအချို့ ပြန်လည်ရရှိနေပြီဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here