ကျောက်ဖြူမြို့နယ်အတွင်းရှိ ဓာတ်အားလိုင်းများအားစစ်ဆေးပြီး စိတ်ချရမှသာ ဓာတ်အားဖြန့်ဖြူးပေးမည်ဟုဆို

0
196

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း၌ “မိုခါ”ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ ပျက်စီးမှုများဖြစ်ပွားခဲ့သည်ဟု ESE ကျောက်ဖြူမှ သိရသည် ။

ယင်းသို့ ပျက်စီးမှုများကို ESE ကျောက်ဖြူမှ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်ပေးနိုင်ရန် အတွက် စစ်ဆေးပြုပြင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသော်လ ည်း လျှပ်စစ်ဓာတ်အား သုံးစွဲသူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်နှင့် လျှပ်စစ်ဓာတ်အား စိတ်ချစွာအသုံး ပြုစေနိုင်ရန် ဓာတ်အားလိုင်းများကို စစ်ဆေးပြုပြင်ပြီးမှာသာ ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဟု ESE ကျောက်ဖြူက အသိပေးထားသည်။

မုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်းများနှင့် အိမ်သို့သွယ်တန်းထားသော ဆားဗစ်ကြိုးများ သစ်ပင်သစ်ကိုင်းပိနေခြင်း၊ ပျက်ကျခြင်းများရှိပါက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ဆက်သွယ်အကြောင်းကြားပေးရန်လည်း ESE ကျောက်ဖြူက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here