တရုတ်ထိပ်တန်းသံတမန်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရုရှားနှင့်ယူကရိန်းသို့သွားမည်

0
232

ပေကျင်း၊မေ ၁၅

ယူကရိန်း၊ရုရှားနှင့်အခြားဥရောပမြို့တော်များသို့ မေလ ၁၅ ရက်တွင် တရုတ်ထိပ်တန်းသံတမန်တစ်ဦး လာရောက်မည်ဖြစ်ပြီး ယူကရိန်းအကျပ်အတည်းအတွက် နိုင်ငံရေးအရပြေလည်မှုရရှိရေးကို ဆွေးနွေးရန်ရည်ရွယ်ထားကြောင်း ပေကျင်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အာရှဥရောပရေးရာအထူးကိုယ်စားလှယ်နှင့် ရုရှားနိုင်ငံဆိုင်ရာသံအမတ်ကြီးဟောင်း မစ္စတာလီဟွေသည် ရက်ရှည်ခရီးစဉ်အဖြစ် ပိုလန်၊ပြင်သစ်၊ဂျာမနီသို့ပါ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။

“ဒီခရီးစဉ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မြှင့်တင်ဖို့ တရုတ်နိုင်ငံရဲ့ကြိုးပမ်းမှုဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံရဲ့ခိုင်မာတဲ့ ကတိကဝတ်ကို အပြည့်အဝပြသနေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းကပြောကြားခဲ့သည်။

မစ္စတာလီ‌၏ခရီးစဉ်သည် ဧပြီလနှောင်းပိုင်းက တရုတ်နှင့်ယူကရိန်းခေါင်းဆောင်များ၏ ဖုန်းဖြင့်ဆွေးနွေးမှုအပြီးတွင် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here