ပလိပ်မြို့တွင် မြစ်ငယ်မြန်မာ့မီးရထားဆေးရုံမှ တိုင်းဆရာဝန်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
297

မန္တလေးတိုင်း၊ပလိပ်မြို့၊စျေးကွက်သစ်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် “ဒေါက်တာချို”ဆေးခန်းတွင် မေ ၁၅ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက ပလိပ်မြို့၊စျေးကွက်သစ်ရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် “ဒေါက်တာချို”ဆေးခန်းသို့ရောက်ရှိလာကာ မြစ်ငယ်မီးရထားတိုင်းဆရာဝန်ကြီးဖြစ်သည့် ဒေါက်တာတင်ချိုချိုကို(၅၄)နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြသည်။

“ဆရာဝန်မကြီးရဲ့ လည်ပင်းမှာကျည်ဖောက်ဝင်ဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာပဲသေဆုံးသွားပါတယ် အခင်းဖြစ်နေရာကနေ Thai Arms 9mm အမျိုးအစားကျည်ခွံ ၁ ခုတွေ့ရှိခဲ့ရပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ထို့ကြောင့် သေဆုံးသွားသည့်ဆရာဝန်ကြီး၏ရုပ်အလောင်းအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here