ရန်ကုန်တိုင်းအမျိုးသမီးအားကစားအဖွဲ့မှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု လူရွေးပွဲကျင်းပမည်

0
159

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီမှကြီးမှူး၍ ကာယဗလနှင့် ကာယကြံ့ခိုင်မှု လူရွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပြိုင်ပွဲကိုလာမည့် မေလ ၂၈ ရက်တွင် ရှုခင်းသာမြို့ပတ်လမ်းရှိ Yangon Water Boom တွင် နေ့လယ် ၁၂ နာရီမှ ညနေ ၆ အထိ ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင်ပါ၀င်မည့်အတန်းများမှာ ၂၁ နှစ်အောက် ကာယဗလမောင် ၆၀ ကီလိုတန်း၊ ၆၅ ကီလိုတန်း၊ ၇၀ ကီလိုတန်း၊ ၇၅ ကီလိုတန်းနှင့် ၇၅ ကီလိုတန်းအထက်၊ အမျိုးသမီး Women’s Model Physique တို့ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လူတွေ့စစ်ဆေးခြင်းများကို မေလ ၂၆ ရက်တွင်ပြုလုပ်မည်ဖြစ်သည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် မေလ ၂၅ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here