ပုဂံတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရှေးဟောင်းဘုရားစေတီအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟုဆို

0
188

မိုခါ မုန်တိုင်းအရှိန်ကြောင့် ပုဂံတွင် မိုးသည်းထန်စွာရွာ သွန်းခဲ့ပြီး ရှေးဟောင်းဘုရားစေတီအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲက အသိပေး ထုတ်ပြန်ထား သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်း မေလ (၁၄) ရက်နှင့် (၁၅) ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင် စူဠာမဏိဘုရားပုရဝုဏ်အတွင်း ရေဝင်ခြင်း၊ အနော်ရထာမင်းနန်းတော်ရာအဆောင် -(B)ရေဝင်ခြင်း၊ အာနန္ဒာဘုရားကြီးအတွင်းရေဝင်ခြင်း၊ ဓမ္မရာဇက ဘုရားကြီးရင်ပြင် အုတ်ခုံအုတ်ပြိုခြင်း၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင် ချင်မိတ်တိုးပဲ့ကျခြင်း၊ သဗ္ဗညုဘုရား အုတ်တံတိုင်းပဲ့ကျခြင်း၊ ပုထိုးသားများ ဘုရားမုခ်ကပ်ပဲ့ကျခြင်းတို့ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ရေစုပ်ထုတ်ခြင်း၊ ရေထွက်ပေါက်များဖော က်လုပ်ခြင်း၊ မိုးကာများဖြင့် အုပ်ဆိုင်းကာရံခြင်းတို့ ဆောင်ရွက်ထားပြီး လိုအပ်သောပြုပြင်ထိန်းသိမ်းမှုများ၊ စောင့်ကြည့်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here