ကမ္ဘောဒီးယား၏ပြည်နယ်များ၌ ခွေးသားရောင်းဝယ်မှု အရှိန်အဟုန်ဖြင့်ရှိနေဆဲဟုဆို

0
242

ဖနွမ်းပင်၊မေ ၁၆

ကမ္ဘောဒီးယား၌ ခွေးသားရောင်းဝယ်ဖောက်ကားမှုကိုထိန်းချုပ်ရန် အာဏာပိုင်များကလှုံ့ဆော်ခဲ့ကာခွေးသားရောင်းချခြင်း ရပ်တန့်သင့်သည်ဟု ကမ္ဘောဒီးယားနိုင်ငံသား ၉၀ ရာခိုင်နှုန်းကပြောကြားခဲ့သော်လည်း ခွေးသားသတ်ရုံများသည်ဆက်လက်ရှိနေဆဲဖြစ်ကြောင်းသိရသည်။

ယခုပုံများသည် ကမ္ဘောဒီးယားနိုင်ငံ၏ နယ်မြို့တစ်မြို့တွင် ရောင်းဝယ်ဖောက်ကားနေသော ခွေးသားသတ်ရုံတစ်ခုမှပုံများဖြစ်သည်။

တာဝန်ရှိသူများ၏ထုတ်ပြန်ချက်အရ တစ်ရက်လျှင် ခွေးအကောင်ရေ ၃၀၀ ခန့် သတ်ဖြတ်ရောင်းချခံနေရပြီး အအေးခန်းကားများဖြင့် တစ်နေရာမှတစ်နေရာသို့ပို့ဆောင်သည်ဟုသိရသည်။

ကျဉ်းကျပ်နေသောလှောင်အိမ်ထဲ၌ ခွေး‌ လေး၊ငါးကောင်စုထည့်လျက် အစာရေစာလဲဝအောင်မကျွေးဘဲထားထားကာ ပေါ်ပြီးချိန်၌ တစ်ကီလို ၁၀,၀၀၀ ရီးလ်နှုန်းဖြင့်ရောင်းချသည်ဟုဆိုသည်။

ဒေသခံသားသတ်သမားတစ်ဦး၏ ပြောကြားချက်အရ ခွေးများအားပေါ်ခါနီး၌ လှောင်အိမ်များရေထဲသို့ပစ်ချလိုက်ပြီး ပြန်ဆယ်ကာ ၎င်းတို့၏အမွှေးများကို ပွက်ပွက်ဆူနေသောရေနွေးဖြင့် ဖယ်ရှားခဲ့သည်ဟုသိရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်းအရ ကမ္ဘောဒီးယားနိုင်ငံသား ၉၀ ရာခိုင်နှုန်းက ခွေးသားရောင်းချကုန်သွယ်မှုသည်တရားမ၀င်အလုပ်ဟုလည်းဆိုခဲ့သည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here