ရှားပါးသော ကြယ်တံခွန်တွင် ရေများရှိနေကြောင်း James Webb တယ်လီစကုပ်ဖြင့် ရှာဖွေတွေ့ရှိ

0
229

နက္ခတ္တဗေဒပညာရှင်များသည် James Webb အာကာသကြည့် တယ်လီစကုပ်ကို အသုံးပြု၍ နေအဖွဲ့အစည်းအတွင်း ရှားပါးကြယ်တံခွန်တစ်ခုကို လေ့လာ ကြည့်ရှုနေကြစဉ် အင်္ဂါဂြိုလ်နှင့် ကြာသပတေးဂြိုဟ်တို့၏ ပတ်လမ်းများကြားရှိ အဓိက ဂြိုဟ်သိမ်ခါးပတ်တွင် တည်ရှိသော ပင်မကြယ်တံခွန်တွင် ရေများကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။

နက္ခတ္တဗေဒပညာရှင်များသည် မတူညီသော စူးစမ်းလေ့လာရေးနည်းလမ်းများကို အသုံးပြု၍ ၁၅ နှစ်ကြာ ကြိုးပမ်းခဲ့ကြပြီးနောက် ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

နက္ခတ္တဗေဒပညာရှင်များသည် အဆိုပါ ကြယ်တံခွန် အနီးတစ်ဝိုက်တွင် ရေခိုးရေငွေ့များကို စတင်တွေ့ရှိခဲ့ပြီး နေမိသားစုစနစ်၏ ပူနွေးသောအစိတ်အပိုင်းတွင် ရေခဲများကို ထိန်းသိမ်းထားနိုင်ကြောင်း တင်ပြထားသည်။ အဆိုပါတွေ့ရှိချက်များကို Nature သိပ္ပံဂျာနယ်တွင် တနင်္လာနေ့က အသေးစိတ်ဖော်ပြထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here