ပလက်ဝ အပါအဝင် ချင်းပြည်နယ်က မြို့နယ် (၄) ခုအား သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာ

0
224

“မိုခါ” မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ပလက်ဝမြို့နယ် အပါအဝင် ချင်းပြည်နယ်အတွင်းမှ မြို့နယ် (၄) ခုအား သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် မေ (၁၆) ရက်တွင် ကြေညာခဲ့သည်။

“မိုခါ” ဆိုင်ကလုန်း မုန်တိုင်းသည် မေ (၁၄) ရက် ညပိုင်းက ချင်းပြည်နယ်အတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ကြေညာချက်အမှတ် ၂/၂၀၂၃ ဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၁၁) အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ် တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်တို့အား သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – CJ

ပုံစာ – မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ပလက်ဝမြို့နယ်အတွင်းမှ နေအိမ်အချို့ကို မြင့်တွေ့ရပုံ


LEAVE A REPLY

Please enter your comment!
Please enter your name here