ဗီယက်နမ်ကို ရှံးနိမ့်ပြီး မြန်မာအမျိုးသားဘောလုံးအသင်း တတိယဆုနှင့် လွဲချော်

0
238

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာ ယူ ၂၂ အမျိုးသားအသင်းသည် တတိယဆုနှင့်ပါ လွဲချော်သွားကြောင်း သိရသည်။

မြန်မာ ယူ ၂၂ အမျိုးသားဘောလုံးအသင်းသည် တတိယ နေရာလုပွဲအဖြစ် ဗီယက်နမ် အသင်းနှင့် ယနေ့ မေလ ၁၆ ရက်နေ့၊ ညနေ ၃ နာရီ ၃၀ မိနစ်က နာအိုလံပစ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဗီယက်နမ်အသင်းက မြန်မာအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဗိယက်နမ်အသင်းသည် မြန်မာအသင်းကို ဖိအားပေးအသာစီး ကစားသွားခဲ့ပြီး ပထမပိုင်း ၈ မိနစ်နှင့် ၃၄ မိနစ်တွင် ဦးဆောင်ဂိုး ၂ ဂိုး ပေးခဲ့ပေးရပြီး ဒုတိယပိုင်း ၅၇ မိနစ်တွင် တတိမြောက် ဦးဆောင်ဂိုးပေးခဲ့ရကာ မြန်မာအသင်း၏ တစ်လုံးတည်းသော ချေပဂိုးကို ပွဲကစားချိန် ၈၈ မိနစ်မှ အောင်မျိုးခန့်က သွင်းယူနိုင်ခဲ့သည်။

ဆီးဂိမ်းတွင် မြန်မာအမျိုးသားဘောလုံးအသင်းသည် ၃၂ ကြိမ်မြောက် ဆီးဂိမ်းတွင်လည်း ဆုတံဆိပ်နှင့် ထပ်မံဝေးကွာသွားခဲ့ပြီး နောက်ဆုံးအကြိမ် အောင်မြင်မှုမှာ၂၀၁၉ ခုနှစ်က ဖီလစ်ပိုင်နိုင်ငံမှ ကျင်းပသည့်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here