“မိုခါ”မုန်တိုင်းကြောင့် ကျောက်တော်မြို့နယ်၌ ပျက်စီးဆုံးရှုံးမှုများပြား ကူညီကယ်ဆယ်ရေးနှင့်ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

0
519

ရခိုင်ပြည်နယ်အတွင်း မေ ၁၄ ရက်က “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် ကျောက်တော်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်း၌ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်ရှိ အချို့ကျေးရွာများတွင် နေအိမ်များစွာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ဘုရား/စေတီနှင့်ဘုရားဆင်းတုတော်များ၊သာသနိကအဆောက်အအုံများ၊ဘုန်းတော်ကြီးကျောင်းများ၊စာသင်ကျောင်းများ၊ဌာနဆိုင်ရာအဆောက်အဦးများ၊တာဝါတိုင်များ၊လျှပ်စစ်ဓာတ်အားပေးတိုင်များ၊သစ်ပင်များပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

ထို့သို့ ပျက်စီးဆုံးရှုံးမှုများအား လုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုကူညီကယ်ဆယ်ရေးအသင်းဝင်များနှင့်ဒေသခံများက မေ ၁၄ ရက်ညနေပိုင်းမှစတင်ကာ ကူညီရှင်းလင်းပေးလျက်ရှိပြီး မေ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင်လည်း ပျက်စီးမှုများအား ဆက်လက်ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here