ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၆၂ ဦးထပ်တွေ့

0
98

ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၆ ရက်ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအ တည်ပြုလူနာသစ် ၁၆၂ ဦးထပ်မံတွေ့ရှိခဲ့ရကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၁၅ ရက်ည ၈ နာရီမှ ၁၆ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀၃၆၀ ခုအားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၆၂)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၁ ဒသမ ၅၆)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ် ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဓာတ်ခွဲနမူနာပေါင်း(၁၀၅၃၀၂၄၃)ခုအားစစ် ဆေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ(၆၃၇၄၈၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီး ခြားထားရှိခြင်းနှင့်ဆေးရုံများတွင်သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ(၆၁၆၃၂၉)ဦးရှိပြီဖြစ်ကာ သေဆုံးသူ(၁၉၄၉၄)ဦးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here