မိတ္ထီလာမြို့တွင် ကားတိုက်ပြီးမောင်းပြေးသည့် မြေသယ်ကားတစ်စီး အရှိန်လွန်ကာ ချောက်ထဲပြုတ်ကျမှုကြောင့် ၁ ‌‌ဦးသေဆုံး

0
147

မန္တ‌လေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် မြေသယ်ကားတစ်စီး အရှိန်လွန်ကာ ချောက်ထဲပြုတ်ကျမှုကြောင့် ၁ ‌‌ဦးသေဆုံးမှု ယမန်နေ့ (မေလ ၁၆) ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာအုပ်စု၊ လဲတောကျေးရွာအနီး၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမကြီးတွင် ယမန်နေ့ည ၉ နာရီ ၃၀ မိနစ်ခန့်က မြေသယ်ကားတစ်စီး ချောက်အတွင်းကျနေသဖြင့် မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

” အဲ့ဒီမြေသယ်ကားက Alphard ကား‌‌ကိုတိုက်မိပြီး မောင်းပြေးတယ်၊ နောက်က လိုက်ကျတာပေါ့၊ မုံတိုင်ရွာအကျော်တံတားနားရောက်တော့ သူက express ကားကိုကျော်တာ လမ်းက ကျဉ်းတော့ ချောက်ထဲကျသွားတာပါ” ဟု ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းမှတာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၃ ဦးထဲမှ ကျား(၁)ဦး (သေဆုံး)ပြီး ကျန် ၂ ဦးမှာထွက်ပြေးသွားကာ သေဆုံးရုပ်အလောင်းအား ပြည်သာယာလူမှုကူညီရေးအသင်းမှ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

ဓာတ်ပုံ – ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here