မယ်တော်နာရေးသွားသည့် ဆရာတော်စီးနင်းလာသောကားအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် ဆရာ တော်ပျံလွန်တော်မူ

0
407

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိ မြို့ရှောင်လမ်းမီးပွိုင့်အနီးတွင် မေ ၁၆ ရက်နေ့လည် ၁ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အမျိုးသား ၁ ဦးမောင်းနှင်ပြီး ဆရာတော် ဘဒ္ဒန္တသာသန(၅၃)နှစ်၊ ဝါတော်(၃၃) ဝါ စီးနင်းလိုက်ပါလာသည့် CRV ကားသည် ကျိုက်ထိုမြို့ရှောင်လမ်း၏ မီးပွိုင့်အနီးအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိတိုင်အားဝင်တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် ဆရာတော်က သူ့မယ်တော်နာရေးကိုသွားတဲ့အချိန်အခုလိုဖြစ်သွားတာပါ ဆရာတော်က ထိခိုက်မိထားတာတွေအရမ်းများတယ် ဆေးရုံမှာဆေးကုသနေရင်း ပျံလွန်တော်မူသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်နှင့်မစိုးရိမ်ရဒဏ်ရာရရှိထားသည့် ကားမောင်းသူတို့အား လူမှုကူညီရေးအသင်းကားများဖြင့် ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆရာတော်မှာဆေးကုသမှုခံယူစဥ် ရရှိထားသည့် ဒဏ်ရာများကြောင့် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here