ယူကရိန်းရှိ Patriot ဒုံးကျည်ကာကွယ်ရေးစနစ် ပျက်စီးသွားဟန်ရှိကြောင်း အမေရိကန်အရာရှိများဆို

0
217

ယူကရိန်းတပ်ဖွဲ့များအသုံးပြုနေသည့် အမေရိကန်လုပ် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်သည် ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားဟန်ရှိသော်လည်း လုံးလုံးလျားလျားဖျက်ဆီးခံရဖွယ်တော့မရှိဟု အမေရိကန်အရာရှိနှစ်ဦးက Reuters သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။

ရုရှား၏ အသံထက်မြန်သည့် Kinzhal ဒုံးကျည်တစ်စင်းက Kyiv မြို့ရှိ အမေရိကန်တို့က ထောက်ပံ့ထားသော Patriot ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဖျက်ဆီးခဲ့ကြောင်းကိုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင်ပင် ပြောကြားခဲ့သည်။

အမေရိကန်နှင့် ယူကရိန်းကျွမ်းကျင်သူတို့သည် ပျက်စီးသွားသော Patriot စနစ်အား ပြုပြင်ရန် အကောင်းဆုံးနည်းလမ်းကို ဆွေးနွေးနေကြပြီဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းစနစ်ကို ယူကရိန်းမှ ဖယ်ရှားပစ်မည်ဟု မထင်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက ကနဦးအချက်အလက်များကို ကိုးကား၍ ပြောကြားခဲ့သည်။ .

ပျက်စီးဆုံးရှုံးမှုများကို အမေရိကန်ပြည်ထောင်စုအနေဖြင့် လာမည့်ရက်များအတွင်း ပိုမိုနားလည်သဘောပေါက်မည်ဖြစ်ပြီး သတင်းအချက်အလက်များသည် အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here