နိုင်ငံရေးပါတီ နှစ်ခုကို ထပ်မံမှတ်ပုံတင်ခွင့်ပြု

0
132

နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီတို့ကို မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားသည်။

အဆိုပါ ကြေညာချက်တွင် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၁၅ ဖြစ်ပြီး ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွတ်ရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၁၆ ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၅၀ ထဲမှ လက်ရှိတွင် ပါတီ ၁၆ ပါတီ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မှတ်ပုံတင်ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here