ယူကရိန်းစစ်ပွဲက ထိုင်ဝမ်အား သင်ခန်းစာပေးနေ–အမေရိကန် ကာကွယ်ရေး ဝန်ကြီး

0
231

ဝါရှင်တန်၊ မေ ၁၇

ရုရှား-ယူကရိန်းစစ်ပွဲက အင်အားငယ်သော စစ်တပ်က အင်အားကြီးသော စစ်တပ်ကို မည်ကဲ့သို့ အောင်မြင်စွာ ခုခံကာကွယ်နေပုံကို ပြသခြင်းဖြင့် ထိုင်ဝမ်အား သင်ခန်းစာများပေးနေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က မေလ ၁၆ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“ယူကရိန်းစစ်ပွဲကနေပြီး အရေးကြီးတဲ့ သင်ခန်းစာတွေ အများကြီး သင်ယူခဲ့ရပါတယ်။ အဲဒီထဲကမှ တစ်ခုကတော့ သေးငယ်တဲ့ တပ်ဖွဲ့ဟာ တပ်ဖွဲ့အကြီးနဲ့ ယှဉ်ရင် လက်နက်အင်အားတွေ၊ စစ်နည်းဗျူဟာတွေနဲ့ နည်းပညာပိုင်းတွေမှာ သိသိသာသာ အားနည်းနေပေမယ့် သူတို့ကိုယ်သူတို့ ကောင်းကောင်းမွန်မွန် ခုခံနိုင်တာပါပဲ” ဟု သူက ပြောလာသည်။

လက်ရှိအချိန်အထိ ယူကရိန်းသည် နိုင်ငံတကာမှ ထောက်ပံ့ပေးသော လက်နက်ကိရိယာများနှင့် စစ်သင်တန်းများဖြင့် ရုရှားတပ်များကို အတိုင်းအတာတစ်ခုအထိ ခုခံထားနိုင်သည့်အပြင် သိမ်းပိုက်ခံ နေရာအချို့ကိုပါ ပြန်လည်ရယူထားနိုင်ခဲ့သည်။

ထို့ကြောင့် အော်စတင်သည် လွှတ်တော်အမတ်များအား ယူကရိန်းကို လုပ်ပေးသကဲ့သို့ အမေရိကရှိ လက်နက်တိုက်များမှ လက်နက်များကို ထုတ်ပေး၍ ထိုင်ဝမ်အား ထောက်ပံ့သွားရန် တောင်းဆိုခဲ့သည်။ ကျွန်ုပ်တို့သည် ထိုင်ဝမ်အား သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် လိုအပ်နေသည်များကို ထောက်ပံ့ပေးနိုင်ရန် အရေးကြီးသည်ဟု သူကဆိုသည်။

တရုတ်သည် ထိုင်ဝမ်အား ၎င်းပိုင်နယ်မြေဟု သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံး၍ ပြန်သိမ်းသွားမည်ဟုပါ သန္နိဌာန်ချထားသည်။ ထို့ပြင် တရုတ်နှင့် ထိုင်ဝမ် ကြား ဆက်ဆံရေးသည် ပြီးခဲ့သည့်နှစ်မှစ၍ တင်းမာသထက် တင်းမာလာနေခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here