မိုခါမုန်တိုင်းကြောင့် သေဆုံးသူဦးရေနှင့် ပျက်စီးဆုံးရှုံးမှု ထပ်တိုးလာ

0
126

မိုခါ မုန်တိုင်းကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိလာပြီး နေအိမ်နှင့် သာသနိကဌာန စသည့် အဆောက်အအုံ ၁၂၀၀၀ ခန့် ပျက်စီးဆုံးရှုံးကြောင်း ပြန်ကြားရေဌာနက ထပ်မံထုတ်ပြန်ထားသည်။

မေလ ၁၅ ရက် ညပိုင်းအထိ စာရင်းများအရ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခု တို့တွင် စုစုပေါင်း ပျက်စီးဆုံရှုံးမှုနှင့် သေဆုံးမှုတွင် ရပ်ကွက်/ ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး၊ သာသနိက အဆောက်အဦ ၇၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်း၊ စာသင်ကျောင်း ၁၆၃ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၁၁၂ လုံး ပျက်စီးခဲ့ကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကနဦးထုတ်ပြန်ချက်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၃ ဦးသေဆုံးကာ ၁၃ ယောက် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

မိုခါကြောင့် ပျက်ဆီးဆုံးရှုံးမှုများပြားခဲ့သည့်အတွက် လက်ရှိတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက်ဆောင်ရွက်နေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here