လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၀၀၀ ကျော်ဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ပြန်ရရန် လုပ်ဆောင်နေ

0
241

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုနှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၀၂၀ ဦးဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်၊စစ်တွေ၊ရသေ့တောင်နှင့်ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးခြင်းအများဆုံးပျက်စီးခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အမြန်ဆုံးလျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်း ၄၂၀ ဦးသည် စစ်တွေဒေ သ၊မြောက်ဦးဒေသ၊ပုဏ္ဏားကျွန်းဒေသများတွင်ဖြန့်ခွဲ၍ ဓာတ်အားပို့လွှတ်လျက်ရှိသည့် မဟာဓာတ်အားလိုင်းများပြန်လည်တည်ဆောက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်းအနေဖြင့် ရန်ကုန်၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရှမ်းပြည်နယ် (မြောက်ပိုင်း)၊နေပြည်တော်၊မန္တလေး၊မကွေး၊ဧရာဝတီတိုင်းတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၆၀၀ ဦးမှ စစ်တွေမြို့အတွင်း ပြန်လည်တည်ဆောက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိ၍ မေလကုန်၌ ရခိုင် ပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးအား လျှပ်စစ်ဓာတ်အားပြန်လည်ရရှိနိုင်မည်ဖြစ် သည်။

ထိုသို့ ပြန်လည်ပြင်ဆင်နေမှုများ၊ပျက်စီးနေသော တာဝါတိုင်များ၊ဖြန့်ဖြူးရေးလိုင်းများ၊ပြန်လည်ပြင်ဆင်တည်ဆောက်နိုင်ရန်ရှင်းလင်းနေမှုများ၊ ပြုပြင်ရန်ပစ္စည်းရောက်ရှိမှုများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှကြည့်ရှုစစ်ဆေးခဲ့သည်။

ပြင်ဆင်ခြင်းလုပ်ငန်းများ အချိန်မီပြုပြင်ပြင်ဆင်နိုင်ရန်လိုအပ်သည့် ထရန်စဖော်မာများ၊ဓာတ်အားခွဲရုံသုံးဆက်စပ်ပစ္စည်းများဖြစ်သည့် တာဝါ သံဘောင်များ၊ကွန်ကရစ်တာဝါတိုင်(၃၅၀၀)နှင့်အိမ်မိုးသွပ်ချပ်(၁၅၀၀)၊မီးစက်များ၊စက်သုံးဆီများအား တပ်မတော်ရေယာဉ်များ၊မင်းပြားဒေသရှိ ကွန်ကရစ်တိုင် (၂၀၀၀)အား စစ်တွေဒေသသို့ ကားများဖြင့်၊အခြားဆက်စပ်အသုံးပြုရန် လိုအပ်သည့် ထရန်စဖော်မာများ၊ကြိုးများ၊ကြွေသီးများ၊လိုင်းဆွဲရာတွင်အသုံးပြုသည့် ယန္တရားများအား ကား(၁၂)စီးဖြင့် အသီးသီးပို့ဆောင်ပေးလျက်ရှိပြီး ကျန်ရှိသောပစ္စည်းများကိုလည်း ကားများဖြင့် ဆက်လက်ပို့ဆောင်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here