မိုခါ မုန်တိုင်းကြောင့် ပြည်သူ ၅ သန်းခွဲနီးပါး မုန်တိုင်းဒဏ်သင့်ဟု UNOCHA ခန့်မှန်း

0
218

မိုခါ မုန်တိုင်းကြောင့် မြန်မာပြည်တွင် ပြည်သူ ၅ သန်းခွဲနီးပါး မုန်တိုင်းဒဏ်သင့်သည်ဟုခန့်မှန်းကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားသည့် လမ်းကြောင်းတွင် နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်နေကြောင်း ၎င်းတို့အနေဖြင့် ခန့်မှန်းထားသည်ဟု ဆိုသည်။ လက်ရှိတွင် မုန်တိုင်းကြောင့် အများဆိုင်ရာအဆောက်အအုံများ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးမှုများရှိခဲ့သလို မုန်တိုင်းဒဏ်သင့်ခဲ့သည့် မကွေးနှင့် စစ်ကိုင်းတိုင်းရှိ လူဦးရေ ၁သိန်းကျော်သည် ဆိုးဝါးသည့် ရေကြီးမှုဒဏ်ကို ခံစားခဲ့ရကြောင်း ဖော်ပြထားသည်။

ယင်းအပြင် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲတွေကလည်း ကွင်းဆင်းလေ့လာ စောင့်ကြည့်လေ့လာမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း၊ မုန်တိုင်းကြောင့် အမိုးအကာ၊ ကျန်းမာရေး၊ အိမ်သုံးပစ္စည်းများ၊ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေးအကူအညီများ လိုအပ်နေသလို ရေကြီးခြင်းကြောင့် နေရာရွေ့သွားနိုင်သည့် မြေမြှုပ်မိုင်းအန္တရာယ်တွေလည်း ရှိနိုင်ကြောင်းအစီရင်ခံစာတွင် ဖော်ပြရေးသားထားသည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လက်ရှိတွင်လည်း နစက အစိုးရမှ ကူညီကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်လေယာဉ်ဖြင့်သော်လည်းကောင်း၊ ရေကြောင်း၊ကုန်းကြောင်းလမ်းဖြင့်သော်လည်းကောင်း နေ့စဉ်ပို့ဆောင်ပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here