မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိနေ

0
166

မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိနေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်ဖြစ်သူ Ms. Noriko Takagi ပြောကြားခဲ့သည်။

Ms. Noriko Takagi သည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မေလ ၁၆ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၌ တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်က မြန်မာနိုင်ငံတွင်း မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် ကူညီပံ့ပိုးရန် အသင့်ရှိသည့်ကိစ္စနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေးနှင့်ပတ်သက်၍ကုလသမဂ္ဂအေဂျင်စီများမှ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် မြန်မာအစိုးရ၏ ဆောင်ရွက်​နေမူများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here