မြစ်ကြီးနားမြို့အား Safe City Project ဖော်ဆောင်မည်

0
538

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာပြီး အများပြည်သူအေးချမ်းခြုံလုံ‌၍ စနစ်ကျသော မြို့ပြတစ်ခု ဖြစ်လာစေရန် Safe City Project ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦး ခက်ထိန်နန်က ပြောသည်။

အဆိုပါ Safe City Project ဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်၍ မေ (၁၇) ရက်နေ့လယ် (၁) နာရီက ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ Safe City Project အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဖော်ဆောင်ရွက်မည်ဖြစ်ကာ Safe City Project တွင်ပါဝင်သည့် လုပ်ငန်းစီမံကိန်းများနှင့် မြို့တော်ခန်းမသစ်ဆောက်လုပ်နိုင်ရန်လည်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ မြစ်ကြီးနားမြို့အား Safe City ၊ Clean City ၊ Flower City နှင့် Smart City တစ်ခုဖြစ်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကာ အထူးသဖြင့် ပြည်သူများ အေးချမ်းလုံခြုံပြီး တရားဥပဒေစိုးမိုးရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံး၊ ငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က Safe City Project နှင့် ပတ်သက်၍ ကဏ္ဍအလိုက်၊ အပိုင်းလိုက်ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here