စစ်တွေလေဆိပ်အား ယနေ့ ပြန်လည်ဖွင့်လှစ်၊ ရန်ကုန် – စစ်တွေ – ရန်ကုန် လေကြောင်းခရီးစဥ်များ ပုံမှန်ပျံသန်း

0
492

စူပါဆိုင်ကလုန်း “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် လေကြောင်းပျံသန်းမှုများ ယာယီရပ်နားခဲ့ရသည့် စစ်တွေ လေဆိပ်ကို ယနေ့ မေ (၁၈) ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေလေဆိပ်ကို မေ (၁၅) ရက်မှ စတင်ကာ ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နိုင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် အမြန်ဆုံးပြန်လည်ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်တွေလေဆိပ်အား ပြန်လည်ဖွင့်လှစ်ကာ ရန်ကုန် – စစ်တွေ – ရန်ကုန် ပုံမှန်လေကြောင်းခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းတို့မှ ပြေးဆွဲပေး‌နေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ သံတွဲ၊ ကျောက်ဖြူ၊ အမ်း လေဆိပ်များကိုလည်း ယနေ့မှစတင်၍ လေကြောင်းလိုင်းများမှ ပုံမှန်ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here