ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း ပြင်ပရွှေဈေး သိန်း (၃၀) အထက်တွင်ရှိနေ

0
227

ကမ္ဘာ့ရွှေဈေး ကျဆင်းနေသော်လည်း ပြည်တွင်း ရွှေဈေးကွက်အတွင်းက ပြင်ပရွှေဈေးနှုန်းမှာ ကျပ်သိန်း (၃၀) အထက်တွင်ရှိနေကြောင်း သိရသည်။

ယနေ့ မေလ (၁၈) ရက် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၇၈ ဖြစ်ပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၃၃၀၃၀၀ သိန်းကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ပြင်ပဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား ၃,၀၁၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့်ရောင်းဝယ်နေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို အမေရိကန် ဒေါ်လာ ၂,၀၂၀ အထက်ထိ မြင့်တက်ခဲ့ရာမှ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းချိန်တွင် ပြည်တွင်းရွှေဈေးမှာ ပြန်လည်ကျဆင်းခြင်း မရှိဘဲ ဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ်သိန်း (၃၀) အထက်၌ အရောင်းအဝယ်ပြုလုပ်နေသည်မှာ ရက်သတ္တပတ် တစ်ပတ်ဝန်းကျင်ကြာမြင့်နေပြီဖြစ်ပြီး မေလ (၁၆) ရက်က တစ်ကျပ်သား (၂၀၀၀) ကျပ် ပြန်ကျခဲ့သော်လည်း မေလ (၁၇) ရက်တွင် ၃၀၁၀၀၀၀ ကျပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းရွှေအသင်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်တွင်း ရွှေလုပ်ငန်းရှင်များအား အခေါက်ရွှေတစ်ကျပ်သားကို (၂၉) သိန်းကျပ် အောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ရန် မေတ္တာရပ်ခံထားပြီး ယင်းကဲ့သို့ စာထုတ်မေတ္တာရပ်ခံသည့် ရက်အနည်းငယ်အတွင်းသာ တစ်ကျပ်သား (၂၉) သိန်းကျပ်ဝန်းကျင်သို့ ပြန်လည် ကျဆင်းခဲ့သည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here