အိန္ဒိယအစိုးရမှ “မိုခါ”မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများကို စစ်ရေယာဉ် ၃ စီးဖြင့် ပထမအကြိမ်ပေးပို့လှူဒါန်း

0
313

“မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် အိန္ဒိယအစိုးရမှ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများကို အိန္ဒိယရေတပ်၏ စစ်ရေယာဥ် ၃ စီးဖြင့် ပထမအကြိမ်အဖြစ်ပေးပို့လှူဒါန်းရာ မေ ၁၈ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ဆိုက်ကပ်ခဲ့သည်။

ဆိုက်ကပ်လာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS- ShivalikINS- Kamorta နှင့် INS-Savitri တို့အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vinay Kumar နှင့်တာဝန်ရှိသူများက ကြို ဆိုခဲ့ကြသည်။

အိန္ဒိယရေတပ်၏ စစ်ရေယာဥ် ၃ စီးပေါ်တွင် အသင့်စားခေါက်ဆွဲ၊အာဟာရပြည့်ဘီစကစ်၊ငါးသေတ္တာဘူး၊ရွက်ဖျင်တဲ၊တာပေါ်လင်စ၊စောင်၊လက်နှိပ်ဓာတ်မီး၊ဆိုလာမီးအိမ်၊လူနာသုံးတွန်းလှည်း (Wheel Chair)၊ချိုင်းထောက်၊ရွှေ့ပြောင်းနိုင်သောမီးစက်၊ရေစုပ်စက်၊သစ်ဖျက်လွှ(Chain Saw)၊တစ်ကိုယ်ရေသုံးပစ္စည်းများ၊သန့်ရှင်းရေးသုံးပစ္စည်းများ(ရေ၊မီး၊မိလ္လာ)နှင့်ဆေးဝါးများ(တန်ချိန် ၂၅ တန်)ခန့်ပါဝင်ကြောင်း သိရသည်။

အိန္ဒိယသံအမတ်ကြီးက ကူညီကယ်ဆယ်ရေးပ စ္စည်းများ၊စားသောက်ဖွယ်ရာများထောက်ပံ့ပေး အပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ကျေးဇူးတင်စ ကားပြန်လည်ပြောကြားပြီးနောက် အိန္ဒိယသံအ မတ်ကြီးက ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများလွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်း ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများအား MITT တံတားမှတဆင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ပို့ဆောင်ကာ ညနေပိုင်းတွင် တပ်မတော်(လေ)မှလေယာဉ်ဖြင့် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရသူများအား ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here