၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ခရိုင် ၅၀ တွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်းဖွင့်လှစ်မည်

0
327

KG+9 အလယ်တန်းပညာရေး ပြီးဆုံးအောင်မြင်သူများတက်ရောက်နိုင်သည့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများဖွင့်လှစ်မည်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ မေ ၁၈ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ၏ စီးပွားရေးဦးတည်ချက်တစ်ခုဖြစ်သည့် “သွင်းကုန်အစားထိုးရန်နှင့်ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများဆောင်ရွက်ဖော်ဆောင်ရေး”ကိုရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစကာ ခရိုင် ၅၀ တွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်းကို ဖွင့်လှစ်သွားမည်ဟု ဆိုသည်။

“KG+9 အလယ်တန်းပညာရေး ပြီးဆုံးအောင်မြင်သူတွေအနေနဲ့ စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းတွေ တက်ရောက်နိုင်ကြပြီး အသက် မွေးဝမ်းကျောင်းအခြေခံရရှိဖို့အတွက် Grade 10 ၊ Grade 11 ၊ Grade 12 အတန်းတွေမှာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်စက်မှုနည်းပညာရပ်တွေကို သင်ယူလေ့ကျင့်နိုင်ကြမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်လည်း ကျန်ရှိသည့် ခရိုင် ၇၅ ခုတွင် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းများ ဆက်လက်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကာ ကျောင်းအားလုံးဖွင့်ပြီးသော်လည်း တန်းခွဲ ၁ ခုတွင် ၅၀ ဦးဖြင့် နယ်ပယ် ၃ ခုမှ အခြေခံပညာအထက်တန်းအ ဆင့်၌ ၁ နှစ်လျင် ၁၈၅၀၀ ဦးသင်ကြားပြီးမြောက်မည်ဖြစ်ပြီး ၁၀ နှစ်လျှင် ၁၈၅၀၀၀ ဦးရှိမည်ဟု ဆို သည်။

“ဘယ်ဟာကိုမှ မသိတာထက်စာရင် အခြေခံတတ်သိနားလည်တဲ့သူတွေက လုပ်ငန်းခွင်မှာ အထောက်အကူပြုလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်၊ သူတို့ကို သိပ္ပံ၊ကောလိပ်၊တက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာသင်ကြားနိုင်စေဖို့ ဆက်လက်လုပ်ဆောင်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လုပ်ငန်းခွင်တွင် လက်တွေ့အသုံးကျမည့် ပညာရပ်၊ကျွမ်းကျင်မှုများအား အဆိုပါ ကျောင်းများတွင် ထိရောက်စွာသင်ကြားလေ့ကျင့်ပေးပြီး လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးမည်ဆိုပါက သွင်းကုန်အစားထိုးကုန်ပစ္စည်းများ၊ Value-added တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ် လုပ်ရောင်းချခြင်းဖြင့် မိမိတို့မိသားစု စားဝတ်နေရေးဖူလုံရုံမက နိုင်ငံတော်၏စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကာ နိုင်ငံခြားသုံးငွေကိုလည်း လျှော့ချနိုင်မည်ဟု ဆိုသည်။

ယခုကျောင်းများတွင်နိုင်ငံတော်၏လိုအပ်ချက်နှင့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အသိပညာ၊အတတ်ပညာ၊ကျွမ်းကျင်မှုများကို သင်ကြားလေ့ကျင့်ပေးရမည်ဟုလည်း ဆိုသည်။

လူငယ်လူရွယ်များ၏
အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့် သက်မွေးပညာရပ်များကို သင်ကြားပေးရုံသာမက လက်တွေ့လုပ် ငန်းခွင်၌ လေ့ကျင့်နိုင်ရန် အစိုးရ+ပုဂ္ဂလိက ပူး ပေါင်းဆောင်ရွက်မှု (Public-Private Partnership)ကို ချိတ်ဆက်ဆောင်ရွက်ရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here