စနေဂြိုဟ်၏ လ ၆၂ လုံးကို သိပ္ပံပညာရှင်တို့ အသစ်ထပ်မံရှာဖွေတွေ့ရှိ

0
251

စနေဂြိုဟ်အားပတ်နေသော လ ၆၂ လုံးကို သိပ္ပံပညာရှင်တို့ အသစ်ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် စနေဂြိုဟ်တွင် စုစုပေါင်း လ ၁၄၅ လုံးရှိပြီဖြစ်ကာ နေမိသားစုအတွင်း လအများဆုံး ဂြိုဟ်ဖြစ်လာခဲ့သည်။

ယခုနှစ် မေလ ၁၀ ရက်နေ့အထိမူ စနေဂြိုဟ်တွင် လ ၈၃ လုံးသာရှိသည်ဟု သိရှိထားပြီး၊ မေလ ၁၁ ရက်နေန့တွင် ဗြိတိသျှကိုလံဘီယာ တက္ကသိုလ်က ထပ်မံရှာဖွေတွေ့ရှိထားသော လအသစ် ၆၂ လုံးကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

စနေဂြိုဟ်၏ လများအနက် အသေးဆုံးမှာ အချင်း ၁ ဒသမ ၆ မိုင်သာရှိပြီး၊ အကြီးဆုံးမှာမူ အချင်း မိုင် ၃၂၀၀ ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here