ယူကရိန်း တရားရုံးချုပ် အကြီးအကဲ ဒေါ်လာ ၂ ဒသမ ၇ သန်း လာဘ်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရ

0
128

ယူကရိန်း တရားရုံးချုပ် အကြီးအကဲ Vsevolod Kniaziev ကို ဒေါ်လာ ၂ ဒသမ ၇ သန်း လာဘ်စားမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်းသိရသည်။ Kniaziev သည် စီရင်ချက်တစ်ခုအတွက် ဒေါ်လာ ၂ ဒသမ ၇ သန်း လာဘ်ထိုးမှုကို လက်ခံခဲ့ကြောင်း အစိုးရရှေ့နေများကဆိုကြသည်။

ချမ်းသာသော ယူကရိန်းစီးပွားရေးသမားတစ်ဦးပိုင်ဆိုင်သော ငွေကြေးအုပ်စုတစ်ခုနှင့်ပတ်သက်သည့် အမှုကို အခွင့်သာသော စီရင်ချက်တစ်ခုချမှတ်ရန်အတွက် လာဘ်ငွေ ဒေါ်လာ ၂ ဒသမ ၇ သန်း လက်ခံခဲ့သည်ဟုဆိုကာ ယူကရိန်းတရားရုံးချုပ် အကြီးအကဲအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး အထူးစုံစမ်းစစ်ဆေးရေးမှူးရုံး(SAPO)က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ယခုအချိန်တွင်၊ တရားရုံးချုပ် အကြီးအကဲအား ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုတွင်ပါဝင်ပတ်သက်မှုအတွက် အခြားလူတစ်ဦးချင်းစီအား စစ်ဆေးရန်အစီအမံများလုပ်ဆောင်နေကြောင်း SAPO ၏အစိုးရရှေ့နေ Oleksandr Omelchenko က အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရိုနှင့် ပူးတွဲရှင်းလင်းချက်တစ်ခုတွင် ပြောကြားခဲ့သည်။

Kniaziev အားလည်း အင်္ဂါနေ့ကတည်းကပင်လျှင် တရားရုံးချုပ်၏ အကြီးအကဲရာထူးမှ ဖယ်ရှားလိုက်ပြီဖြစ်သည်။

ယူကရိန်းသည် အီးယူနှင့် နေတိုးအဖွဲ့ဝင်များ၏ စံသတ်မှတ်ချက်များ ပြည့်မီရန် မျှော်လင့်ထားသောကြောင့် အကျင့်ပျက်ခြစားမှုကို အထူးတလည်နှိမ်နင်းလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here