အောင်မြေသာစံမြို့နယ်ရှိ “ဝါဝါဝင်း” အထည်ဆိုင် မီး လောင်ကျွမ်းမှုဖြစ်

0
317

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအ ရှေ့ရပ်ကွက်၊ ၈၇ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြားရှိ (၄) ထပ်တိုက်တန်းတွင် ယနေ့မေ (၁၉) ရက်နံနက်အစောပိုင်း (၂) နာရီခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ (၄) ထပ်တိုက်တန်းရှိ “ဝါဝါဝင်း” အထည်ဆိုင်တို က်ခန်းတွင် အင်ဗာတာဖြင့် ဘတ္ထရီအိုး အားသွင်းထားရာမှ Over Load ဖြစ်ကာ ဘတ္ထရီအိုးပွင့်ထွက်ပြီး အနီးရှိအ ထည်များအား မီးစွဲကာ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များ၊ အောင်မြေသာစံမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအ သင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် (၂) နာ ရီ (၄၄) မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၂) နာရီ (၄၆) မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ၁၀ ပေ x ပေ ၃၀ ရှိတိုက်ခန်းနှင့်အထ ည်လိပ်များလောင်ကျွမ်းပျက်စီးခဲ့ပြီး ဖြစ်စဥ်၌ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here