မြန်မာနယ်စပ်ရှိဖုန်းဖြင့်လိမ်သည့်ဂိုဏ်းတွင်အလုပ်လုပ်မည့်သူ ၅ဦးအား ထိုင်းရဲကဖမ်း

0
192

ထိုင်းနိုင်ငံသို့ မှောင်ခိုဝင်ရောက်လာသည့် တရုတ်နှင့် ကာဇတ်နိုင်ငံသားငါးဦးကို ဖမ်းဆီးထားကြောင်းကြာသပတေးနေ့(ယမန်နေ့)က ထိုင်းရဲကထုတ်ပြန်ထားသည်။

ပစ္စနိုးလုတ်ခရိုင် အဝေးပြေးလမ်းမပေါ်တွင် Wanchana Muangchong (၅၃ နှစ်) နှင့်ကြံရာပါ လေးဦးအား ရဲများက တားဆီးစစ်ဆေးပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် တရုတ်နိုင်ငံသား သုံးဦးနှင့် ကာဇတ်အမျိုးသမီးတစ်ဦးတို့ကို မော်တော်ယာဉ်အတွင်း ပုန်းအောင်းနေသည်ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟုအူဘွန်ရတ်ချတ်ထနီ စုံစမ်းစစ်ဆေးရေးဌာနခွဲ အကြီးအကဲရဲမူးကြီးက ပြောသည်။

ထိုရွှေ့ပြောင်းအလုပ်သမားများအား လာအိုနယ်စပ် အူဘွန်ရတ်ချတ်ထနီခရိုင်မှ မြန်မာနယ်စပ်ရှိတာ့ခ်ခရိုင်သို့ ပို့ဆောင်ဖို့လုပ်နေကြောင်း Wanchana က ဝန်ခံခဲ့သည်။

ထိုရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနှင့် တရုတ်လူမျိုးများကို ပစ်မှတ်ထား၍ ဖုန်းဖြင့်လိမ်လည်သည့်ဂိုဏ်းအတွက်ဖြစ်ပြီး၄င်းတို့လုပ်ဆောင်မည့်နေရာမြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဟုထိုင်းရဲတပ်ဖွဲ့ကယူဆသည်။

အဆိုပါသံသယရှိသူများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ဝင်ရောက်မူဖြင့် ထိုင်းရဲကတရားစွဲဆိုထားသည်။

Source: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here