ဂျပန် G-7 ထိပ်သီးအစည်းအဝေးသို့ ဇလန်းစကီး လူကိုယ်တိုင်တက်ရောက်မည်

0
173

ယူကရိန်းသမ္မတ ဇလန်စကီးသည် ဂျပန်နိုင်ငံ၊ ဟီယိုရှီးမားမြို့တွင် ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်သွားမည်ဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက မေလ ၁၉ ရက် သောကြာနေ့တွင် ဖော်ပြထားသည်။

G7 အစည်းအဝေးကို သောကြာနေ့မှ စတင်၍ ၃ ရက် ကြာ ကျင်းပသွားမည်ဖြစ်သည်။ မူလအစီအစဉ်အရ ဇလန်စကီးသည် အစည်းအဝေးသို့ တနင်္ဂနွေနေ့ရောက်မှ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ရန် စီစဉ်ထားသော်လည်း လက်ရှိအခြေအနေအရ ဂျပန်နိုင်ငံသို့ ကိုယ်တိုင်သွားရောက်မည့် ပုံပေါ်သည်။ သို့ရာတွင် မည်သည့်နေ့မှ စတင်၍ တက်ရောက်သွားမည်ကိုမူ မသိရှိရသေးပေ။

အဆိုပါ အစည်းအဝေး၌ ဆွေးနွေးကြမည့် အဓိကအကြောင်းအရာတစ်ခုမှာ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သွားရန် ဖြစ်သည်။ G7 သည် ယခုအစည်းအဝေးအတွင်း ရုရှားစစ်တပ်အား ထောက်ပံ့နေသော ကုမ္ပဏီပေါင်း ၃၀၀ ကျော်ကို ပိတ်ဆို့အရေးယူသွားမည်ဟု သိရသည်။ ဇလန်စကီးကမူ ထိုနိုင်ငံကြီးများမှ လက်နက်အကူအညီများ ထပ်မံရရှိရေးအတွက် အဓိကထား လုပ်ဆောင်သွားမည် ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here