စစ်တွေမြို့ ပြန်လည်ထူထောင်ရေးအတွက် ကနဦးခြေ လှမ်းအဖြစ် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ ဒေသခံများအား ငှားရမ်းကာ အပျက်အစီးနှင့် အမှိုက်များ ရှင်းလင်းခိုင်း

0
261

စစ်တွေမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နိုင်ရေးအတွက် ကနဦးလိုအပ်ချက်ဖြစ်သည့် အပျက် အစီးများနှင့် အမှိုက်များကို ရှင်းလင်းဖယ်ရှားရန်အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)က ဒေသခံများကို လုပ်အားခပေးကာ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုခါ မုန်တိုင်းကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် ဒေသ ခံ ငါးဖမ်းသမားများ၊ ဈေးဆိုင်ပိုင်ရှင်များနှင့် လယ်သ မားများကို အပျက်အစီးများ ဖယ်ရှားရာတွင် ကူညီရန်အ တွက် ငှားရမ်းခန့်အပ်ခြင်းဖြင့် ယာယီဝင်ငွေကို ဖန်တီးပေးထားခြင်းဖြစ်ကြောင်း UNDP Myanmar က ဆိုသ ည်။

မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့အပါ အဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်များတွင် ပျ က်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အစိုးရက အားစို က် လုပ်ဆောင်နေသလို UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကလည်း ပံ့ပိုးကူညီမှုများ လုပ်ဆောင်လျက်ရှိသည်။

တစ်နာရီ မိုင် ၁၂၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေမြို့သည် ၉၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးခဲ့ရပြီး နေအိမ်များနှင့် အဆော က်အဦ အားလုံးနီးပါး ပျက်စီးခဲ့ရသလို သစ်ပင်များ၊ ဆ က်သွယ်ရေးတာဝါတိုင်များ ၊ ဓာတ်တိုင်များ ၊ လမ်းများ ကျိုးကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ရှင်းလင်းမှုများ လုပ်ဆောင်နေရခြင်း ဖြစ်သည်။

လက်ရှိတွင် တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသ တ်တပ်ဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှ အဖွဲ့ဝ င်များ ၊ အရပ်ဖက် လူမှုကူညီရေး အသင်းအဖွဲ့များက စစ်တွေမြို့ ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်အကူညီပေးမှုအစီအစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း နစ က၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here