တပ်မတော် (ရေ) ၏ အကြီးဆုံး စစ်ရေယာဉ် (မုတ္တမ) ဖြ င့် ရခိုင်မုန်တိုင်းသင့်များကို ကူညီကယ်ဆယ်ရေးများ လု ပ်ဆောင်‌နေ

0
203

“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ပစ္စည်း ပို့ဆောင်ခြင်းများ လုပ်ဆောင်နိုင်ရန် တပ်မတော် (ရေ) ၏ စစ်ရေယာဉ် (မုတ္တမ) သည် ရခိုင်ပြ ည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

စစ်ရေယာဥ်(မုတ္တမ)သည် ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြော က်၊ ဒီဇယ်၊အဝတ်အထည်၊ မီးစက်၊ မိုးကာတဲများ၊ တာ ပေါ်လင်စများ၊ သွပ်နှင့် ဆက်စပ်ပစ္စည်းများ၊ ချိန်းဆောများ၊ စားအုန်းဆီများ၊ စည်သွပ်ဘူးများ၊ MPT Mobile Van ကားများ၊ ရေသန့်စင်စက်ကားများ၊ စစ်တွေမြို့တွင် ပျက်စီးနေသည့် လျှပ်စစ်မီးကြိုးများအား ပြင် ဆင်ရန် လျှပ်စစ်လုပ်သား (၁၀၄) ဦး အပါအဝင် (၁၁၆) ဦးအား တင်ဆောင်ကာ မေ (၁၆) ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ စစ်တွေမြို့ Essar တံတားသို့ မေ (၁၈) ရက် နံနက်ပိုင်းတွင် ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)အား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး (HADR)တာဝန်များ ၊ ဘေးအန္တရာယ် ကျရောက်သော ဒေသများတွင် အ ကူအညီပေးခြင်းနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခြင်း၊ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခြင်း၊ ပင်လယ်ရပ်ခြားရှိ မြန်မာနိုင်ငံသားများအား အရေးပေါ်အခြေအနေတွင် ကယ်ထုတ်ခြင်း တာဝန်များ ထမ်းဆောင်နိုင်ရန် တာဝန်ပေးထားခြင်းဖြစ် ကြော င်းလည်း သိရသည်။

စစ်ရေယာဥ်(မုတ္တမ)သည် HADR လုပ်ငန်းများအတွက် အထူးအားထားရသည့် အကြီးဆုံးနှင့် ခေတ်အမီဆုံး စစ်ရေယာဉ်ဖြစ်ကာ ကိုရီးယားနိုင်ငံ၊ Dae Sun Shipyard တွ င် တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်၌ တပ်မတော် (ရေ)တွင် တပ်တော်ဝင်၍ စတင်အသုံးပြုခဲ့ ကြောင်း သိရသည်။

ရေယာဉ်အလျား ၁၂၅ မီတာ၊ အနံ ၂၂ မီတာ၊ ရေ စူး ၄.၅ မီတာ၊ ဝန်ပြည့်အလေးချိန် ၇၃၀၀ တန်ရှိပြီး ယာဉ်နှင့်ကုန်များအပြင် လူဦးရေ ၅၀၀ ဦး တင်ဆောင်နိုင်ကာ ၁၇ ကုတင်ဆန့် အသေးစား ဆေးရုံပါရှိပြီး ခွဲစိပ်ခန်း၊ဓာတ်မှန်ခန်း၊သွားဆေးခန်း၊ သူနာပြုခန်း၊ လူနာစမ်းသပ်ခန်းများလည်း ပါရှိသည်။

ထို့ပြင် ရေကြီးရေလျှံဒေသများတွင် ကမ်းထိုး၍ ပစ္စည်းများတင်ချနိုင်သည့် အလျား ၂၃ မီတာ၊ အနံ ၆ မီတာ၊ ရေ စူး ၁ ဒသမ ၂ မီတာရှိ ကမ်းထိုး‌ ရေယာဉ် ၂ စီးပါရှိကာ လေကြောင်းမှ ကူညီကယ် ဆယ်ရေးလုပ်‌ဆောင်နိုင်ရန် အကြီးစား/အလတ်စား ရဟတ်ယာဉ် ၂ စီးတင်ဆောင်နိုင်သည့် ကုန်းပတ်လည်း ပါရှိကြောင်း သိရသည်။

စစ်ရေယာဥ်(မုတ္တမ)သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီ ၂၁ ရက်မှ ၂၃ ရက်အထိ မလေးရှားနိုင်ငံတွင် အကြောင်းအ မျိုးမျိုးဖြင့် ရောက်ရှိ‌နေသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ၊ စစ်ရေယာ ဉ်(ဆင်ဖြူရှင်)တို့နှင့်အတူ ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊လူမွတ်ဆိပ်ကမ်းသို့ ရေမိုင် ၁၈၄၀ မိုင်အားခုတ်မောင်း၍ ကူညီကယ်ဆယ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here