ဗြိတိန်အစိုးရမှ မုန်တိုင်းသင့် မြန်မာ ပြည်သူများအတွက် ကန်ဒေါ်လာ (၂) သန်းခွဲ ကူညီမည်

0
259

မြန်မာနိုင်ငံမှ မုန်တိုင်းသင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၂) သန်းခွဲ ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ယနေ့ မေလ (၁၉) ရက် တွင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက မိုခါမုန်တိုင်းသင့် ပြည်သူ (၁၇၅,၀၀၀) ကျော်အား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန် အစိုးရက ယခုကဲ့သို့ ထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည့်အပြင် တတိယမြောက် ချားလ်စ်ဘုရင်ကလည်း မြန်မာနိုင်ငံမှ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ဝမ်းန ည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

” အခုလို အကူအညီများစွာ လိုအပ်နေတဲ့ အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသူတွေ အားလုံးအတွက် ကျွန်တော်တို့ သတိရဆုတောင်းပေးနေပါတယ်။အခုလို အဖြစ်ဆိုးမှာ မိမိတိုရဲ့ ချစ်ရသူများ ဆုံးရှုးခဲ့ရတဲ့ အတွက်လည်း နက်ရှိင်းစွာဝမ်းနည်းကြေကွဲရပါတယ်”ဟု တတိယမြောက် ချားလ်စ်ဘုရင်က ပြောကြားထားသည်။

ဗြိတိန် အစိုးရသည် အမေရိကန်ဒေါ် လာ (၂)သန်းခွဲကို အကူအညီအများဆုံး လိုအပ်နေသူများအတွက် ရေသန့်နှင့် အမိုးအကာများ ထောက်ပံ့ပေးမည်ဖြစ်ပြီး နောက်ဆက် တွဲ ရောဂါအန္တရာယ်များ လျော့ပါးစေရန် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေကို မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ မြေပြင်မှ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံသို့ တိုက်ရိုက်ပေးအပ်မည်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများ လိုအပ်နေသည့် အသက်ကယ်ထောက်ပံ့မှုကို အမြန်ဆုံးလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Photo-UNOCHA


LEAVE A REPLY

Please enter your comment!
Please enter your name here