ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) နှင့် ဒီမိုကရက်တစ်ပါတီတို့ မှတ်ပုံတင်လျှောက်ထား

0
199

ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရက်တစ်ပါတီတို့သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံတွင် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း သိရသည်။

မေလ (၁၈) ရက် ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခွင့်‌ လျှောက်ထားလာခြင်းဖြစ်ကြောင်း UECက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပါတီ (၂) ခု၏ ၂၀၂၃ ခုနှစ် ပါတီ မှတ်ပုံတင် ဥပဒေသစ်အရ ပါတီထူထောင်ရန် UEC သို့ တင်ပြလျှောက်ထားမှုကို ပြီးခဲ့သည့် မေလ(၂) ရက်က ခွင့်ပြုပေးခဲ့ပြီး ရက်ပေါင်း (၃၀) အတွင်း ပါတီမှတ်ပုံတင်လျှောက်ထားရန် အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ပါတီမှတ်ပုံတင် ဥပဒေ ၊ နည်းဥပဒေများအရ ပါတီတည်ထောင်ခွင့်ပြုရန် လျှောက်ထားခဲ့သည့် ပါတီ (၁၃) ခုရှိပြီး ယင်း(၁၃) ပါတီထဲမှ (၅) ပါတီကို ပါတီတည် ထောင်ခွင့်ပြုကာ”ဝံသာနု”ပါတီ၏ တည်ထောင်ခွင့်လျှောက်ထားမှုကို ငြင်းပယ်ခဲ့ပြီး ကျန် ပါတီ(၇) ခု၏ လျှောက်ထားမှုအား စစ်ဆေးလျက်ရှိကြောင်း UEC က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ပါတီမှတ်ပုံတင် ဥပဒေသစ်အရ ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့သည့် ပါတီ (၅၀) ရှိပြီး ပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့သည့် ပါတီ (၁၃) ပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့သည့် ပါတီများအနက်မှ (၁၈) ပါတီကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်ကာ ကျန်ပါတီများကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here