မုန်တိုင်းဒဏ်ခံရသည့် SME/MSME လုပ်ငန်းရှင်များ AYA Micro Loan (Emergency ချေးငွေ) လျှောက်ထားနိုင်

0
161

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် SME/MSME လုပ်ငန်းရှင်များအနေဖြင့် AYA Micro Loan (Emergency ချေးငွေ) ကို အမြန်ဆုံးလျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ Emergency ချေးငွေ အစီစဉ်နှင့် ပတ်သက်၍ မေလ (၁၈) ရက်တွင် ဧရာဝတီဘဏ်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

မိုခါမုန်တိုင်း၏ သက်ရောက်မှုကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် အခက်အခဲကြုံနေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များအား လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရန်အတွက် AYA Micro Loan (Emergency ချေးငွေ) အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး လျှောက်ထားရာတွင် ချေးငွေသက်တမ်း (၁)နှစ်အတွက် အတိုးနှုန်းမှာ ၁၀ ဒဿမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေသက်တမ်း (၂) နှစ်အတွက် (၁) နှစ်လျှင် အတိုးနှုန်း ၉ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည် ။

ချေးငွေလျှောက်ထားရာတွင် “အာမခံ အပေါင်ပစ္စည်း” ဖြင့် လျှောက်ထားခြင်းအပြင် “အာမခံ အပေါင်ပစ္စည်းမဲ့” လျှောက်ထားခြင်းကိုပါ လျှောက်ထားနိုင်ကြောင်း သိရသည်။

အာမခံ အပေါင်ပစ္စည်းမဲ့ စနစ်ဖြင့် လျှောက်ထားပါက အများဆုံးလျှောက်ထားနိုင်သော ချေးငွေပမာဏ မှာ ကျပ်သိန်း (၁၀၀) ဖြစ်ပြီး ချေးငွေသက်တမ်း အများဆုံး(၂) နှစ် ဖြစ်ကာ ချေးငွေသက်တမ်း (၁) နှစ်အတွက် တစ်နှစ်လျှင် (၁၀.၅) ရာခိုင်နှုန်း၊ ချေးငွေသက်တမ်း (၂) နှစ်အတွက် တစ်နှစ်လျှင် (၉.ဝ) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် နီးစပ်ရာ AYA Bank ဘဏ်ခွဲများတွင် အမြန်ဆုံး သွားရောက် လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here