စမတ်ဖုန်းများရှိ မျက်နှာဖြင့် လော့ခ်ချနိုင်သော နည်းပညာကို ဓာတ်ပုံများနှင့်ပင် ဖွင့်နိုင်ကြောင်း တွေ့ရှိ

0
647

စမတ်ဖုန်းများ၌ ပါရှိသည့် မျက်နှာဖြင့် လော့ခ်ချနိုင်သော နည်းပညာကို ပရင့်ထုတ်ထားသော ဓာတ်ပုံများကို သုံး၍ပင်ဖွင့်ကြည့်နိုင်ကြောင်း ဖုန်းအသုံးပြုသူများ လေ့လာ‌စောင့်ကြည့်ရေး အဖွဲ့ “Which?” က ပြောလာခဲ့သည်။

Which? က အဆိုပါ အားနည်းချက်သည် ဖုန်းအမျိုးအစား တော်တော်မျာများရှိ မျက်နှာလော့ခ်ချ စနစ်များတွင် တွေ့ရသဖြင့် မသမာသူများက ထိုအချက်ကို အသုံးချကာ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ခိုးယူလာနိုင်ကြောင်း သတိပေးခဲ့သည်။

Which? သည် ဖုန်းအမျိုးပေါင်း ၄၈ လုံးကို ဓာတ်ခွဲခန်း အပူချိန်တွင် စမ်းသပ်ခဲ့ရာ ထိုထဲမှ ဖုန်း ၁၉ မျိုးသည် ပိုင်ရှင်ဖြစ်သူ၏ ဓာတ်ပုံကို အသုံးပြု၍ လော့ခ်ဖွင့်ကာ စိတ်ကြိုက် ဝင်ရောက် ကြည့်ရှုနိုင်သည်ကို တွေ့ရှိခဲ့သည်။

ထိုသို့ ဓာတ်ပုံဖြင့် လော့ခ်ဖွင့်နိုင်သော ဖုန်းအများစုမှာ တန်ဖိုးနည်းဖုန်းနှင့် အလယ်အလတ်တန်းစား ဖုန်းများ ဖြစ်ကြသည်။ တွေ့ရှိချက်များအရ ရှောင်းမီ ဖုန်း ၇ မျိုး၊ မော်တော်ရိုလာ ဖုန်း ၄ မျိုး၊ နိုကီရာ၊ အိုပိုနှင့် ဆမ်ဆောင်းတံဆိပ်ထဲမှ ၂ မျိုးစီ၊ အော်နာနှင့် ဗွီဗိုတံဆိပ်ထဲမှ တစ်မျိုးစီကို 2D ဓာတ်ပုံများဖြင့် လော့ခ်ဖွင့်နိုင်ခဲ့သည်။

အက်ပဲလ်ထုတ် အိုင်ဖုန်းအားလုံး၏ မျက်နှာလော့ခ်ချ နည်းပညာမှာမူ အသုံးပြုသူ၏ မျက်နှာ၏ 3D အား အာရုံခံစနစ်ကို အသုံးပြု၍ ဖမ်းယူထားသောကြောင့် ဓာတ်ပုံပြ၍ လော့ခ်ဖွင့်မရခဲ့ကြောင်း Which? က ပြောထားသည်။

Source: Telegraph


LEAVE A REPLY

Please enter your comment!
Please enter your name here