“မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ကျောက်တော်နှင့်ရသေ့တောင်မြို့တို့သို့ နစက ဒု-ဥက္ကဋ္ဌသွား ရောက်၍ စားသောက်ဖွယ်ရာများထောက်ပံ့

0
128

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ ကျောက်တော်နှင့်ရသေ့တောင်မြို့တို့သို့ နစက ဒု-ဥက္ကဋ္ဌ၊ ဒု- ဗိုလ် ချုပ်မှူးကြီးစိုးဝင်းမှ မေ ၁၉ ရက်နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျောက်တော်မြို့နှင့်ရသေ့တောင်မြို့တို့၌ မုန် တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများ၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူ ထောင်ရေးဆောင်ရွက်နေမှုများကိုကြည့်ရှုကာ ဒေသခံများ၊ဌာနဆိုင်ရာများ၊တပ်မတော်သားများနှင့်မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအားပေးခဲ့သည်။

ဇွန်လ ၁ ရက်တွင် တက္ကသိုလ်များနှင့်အခြေခံပ ညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ် ၍ ကျောင်းသား၊ကျောင်းသူများ အမိုးအကာအောက်တွင် လုံလုံခြုံခြုံဖြင့်စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအား အမြန်ဆုံးပြန်လည်ပြုပြင်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌက ဒေသခံများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံစဥ် မှာကြားခဲ့သည်။

“ကျောင်းသား၊ကျောင်းသူတက်ရောက်မှုအများဆုံးဖြစ်တဲ့ အထက်တန်းကျောင်းတွေကို ဦးစား ပေးအဖြစ် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရပါမယ် အလားတူပဲ မြို့နယ်ဆေးရုံကြီး(ကုတင်-၅၀) ကိုလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တ ကျ မြန်ဆန်စွာဆောင်ရွက်နိုင်ရန် စာရင်းဇယားမြန်ဆန်မှန်ကန်စွာ ကောက်ယူရန်လိုအပ်ပြီး စာ ရင်းဇယားမြန်ဆန်မှန်ကန်မှသာ လိုအပ်သည့်ကူ ညီကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာတာ ဝန်ရှိသူများမှ စနစ်တကျစီမံခန့်ခွဲ၍ ပို့ဆောင်ပေးနိုင်မည်ဟု ပြောသည်။

ထို့နောက် နစက ဒု-ဥက္ကဋ္ဌမှ မုန်တိုင်းသင့်ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ဆီ၊ပဲ၊ငပိစသည့် အခြေခံ စားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် နစက ဒု-ဥက္ကဋ္ဌမှ ရသေ့တောင်မြို့အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများလာရောက်ဆောင်ရွက်ပေးနေသည့် ပဲခူးတိုင်းမှမီးသတ်တပ် ဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ကာ ကျောက်တော်နှင့်ရသေ့တောင်တပ်နယ်တို့ရှိ သ ဘာဝဘေးအန္တရာယ်သင့်ခဲ့သည့် အရာရှိ၊စစ် သည်၊မိသားစုဝင်များအား သီးခြားစီတွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here