“မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာနိုင်ငံအတွက် အိန္ဒိယနိုင်ငံအစိုးရမှလှူဒါန်းသည့်ပစ္စည်းများတင်လာသော အိန္ဒိယရေတပ်မှစစ်ရေယာဉ် ၁ စီးထပ်မံရောက်ရှိလာ

0
262

အိန္ဒိယနိုင်ငံအစိုးရမှ “မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ မေ ၁၉ ရက်မွန်းလွဲပိုင်းက ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများတင်ဆောင်လာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Gharial သည် ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းရှိ MITT တံတားသို့ထပ်မံဆိုက်ရောက်လာခဲ့ရာ မြန်မာ့တပ်မတော်(ရေ)မှ အရာရှိကြီးများ၊မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် အိန္ဒိယရေတပ်၏စစ်ရေယာဉ် INS Gharial ပေါ်မှကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ခဲ့ကြပြီး ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်စားသောက်ဖွယ်ရာများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိဖြန့်ဝေပေးနိုင်ရန် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အိန္ဒိယနိုင်ငံအစိုးရမှ ပထမအကြိမ်လှူဒါန်းသည့် အသင့်စားခေါက်ဆွဲ၊အာဟာရပြည့်ဘီစကစ်၊ငါးသေတ္တာဘူး၊ရွက်ဖျင်တဲ၊တာပေါ်လင်စ၊စောင်၊လက်နှိပ်ဓာတ်မီး၊ဆိုလာမီးအိမ်၊လူနာသုံးတွန်းလှည်း(Wheel Chair)၊ချိုင်းထောက်၊ရွှေ့ပြောင်းနိုင်သောမီးစက်၊ရေစုပ်စက်၊သစ်ဖျက်လွှ (Chain Saw)၊တစ်ကိုယ်ရေသုံးပစ္စည်းများ၊သန့် ရှင်းရေးသုံးပစ္စည်းများ(ရေ၊မီး၊မိလ္လာ)နှင့်ဆေးဝါးများတင်ဆောင်လာသည့် အိန္ဒိယရေတပ်၏ စစ်ရေယာဥ် INS- ShivalikINS- Kamorta နှင့် INS-Savitri တို့သည်လည်း ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းရှိ MITT တံတားသို့ မေ ၁၈ ရက်မွန်းလွဲပိုင်းကဆိုက်ကပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here