စစ်တွေ-ပလ္လင်ပြင်ကားလမ်းပေါ်ရှိ “မိုခါ”မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့် သဲချောင်းတံတားအားပြင်ဆင်ရန် ယာယီဘေလီတံတားအစားထိုးတည်ဆောက်နေ

0
153

“မိုခါ”မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသည့် စစ်တွေ-ပလ္လင်ပြင်ကားလမ်း၏ မိုင်တိုင်အမှတ် ၂/၄ ရှိ သဲချောင်းတံတားအားပြင်ဆင်ရန် ယာယီဘေလီတံတားအစားထိုးတည်ဆောက်လျက်ရှိကြောင်း သိရသည်။

ယာယီဘေလီတံတားမှာ အရှည်ပေ ၁၄၀၊အ ကျယ် ၁၈ ပေရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီးဌာန၏ တံတားအထူးအဖွဲ့ (၇)မှတည်ဆောက်လျက်ရှိရာ မေ ၁၉ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးအား တံတားဦးစီးဌာန၊တံတားအထူးအဖွဲ့(၇)မှ ဒု-ညွှန်ကြားရေးမှူးဦးမင်းခန့်က ယာယီတံတားထိုးနေမှုနှင့်ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

အများပြည်သူများသွားလာရေးအဆင်ပြေစေရန် ၊လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် အမြန်ဆုံးဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးကမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ အဆောက်အဦးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒု-ညွှန်ကြားရေးမှူးချုပ်များနှင့်အင်ဂျင်နီယာချုပ်များ၊ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများကိုတွေ့ဆုံ၍ ရခိုင်ပြည်နယ်၊ခရိုင်၊မြို့နယ်များရှိ ရုံးများနှင့်လူနေအဆောက်အအုံများ၏ အမိုးအကာများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်၊လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး လမ်းမကြီးပေါ်တွင် သစ်ပင်များလဲကျပိတ်ဆို့မှုကို တပ်မတော်၊ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ ဖယ်ရှားရှင်းလင်းရာတွင် ဝန် ကြီးဌာနမှ စက်ယာဉ်ယန္တရားများဖြင့် ပူးပေါင်းပါဝင်ရှင်းလင်းဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့ပြင် လမ်းကြောင်းတစ်လျှောက် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ပျက်စီးသွားသည့် တံတားများအားယာယီဘေလီတံတားထိုး၍သွားလာနိုင်ရေး အမြန်ဆုံးဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံအဆောက်အအုံများ၊တက္ကသိုလ်များနှင့်အခြေခံပညာအထက်တန်းကျောင်းများ၏ ပျက်စီးမှုကိုအမြန်ဆုံးပြန်လည်ပြုပြင်ရန် ပျက်စီးမှုစာရင်းကောက်ယူခြင်း၊ပစ္စည်းလိုအပ်ချက်စာရင်းပြုစုခြင်း၊အမိုးသွပ်၊သွပ်ရိုက်သံနှင့်သစ်လိုအပ်ချက်များအားပြုစု၍ အမြန်ဆုံးပြန် လည်ပြင်ဆင်ရန်တို့ကိုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here