နေထိုင်ရန် အခက်အခဲဖြစ်နေသူအား အဆင်ပြေစေရန် အိမ်ပေါ်တင် ကူညီခဲ့သော်လည်း ကူညီခဲ့သူကို ပေါက်ချွန်းဖြင့် ခုတ်မှု မုဒုံမြို့တွင်ဖြစ်ပွား

0
1170

မွန်ပြည်နယ်၊ မုဒုံမြို့တွင် နေထိုင်ရန် အခက်အခဲဖြစ်နေသူအား အဆင်ပြေစေရန် အိမ်ပေါ်တင် ကူညီခဲ့သော်လည်း ကူညီခဲ့သူကို ပေါက်ချွန်းဖြင့် ခုတ်မှု ယမန်နေ့ (မေလ ၁၉) ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုဒုံမြို့၊ မြို့မ (၄)ရပ်ကွက်၊ စိန်ချယ် (၁၅) လမ်းနေ ကိုထွန်းထွန်းဝင်း အသက် (၃၄) နှစ်သည် လွန်ခဲ့သော (၁၀) ရက်ခန့်က နေထိုင်ရန်အခက်အခဲ ဖြစ်နေသူတစ်ဦးအား အိမ်သို့ခေါ်ယူပြီး အကူအညီပေးခဲ့သည်။

ယမန်နေ့ (မေလ ၁၉) ရက်တွင် ကိုထွန်းထွန်း၀င်း အိပ်ပျော်နေစဉ် နေထိုင်ရန်အခက်အခဲဖြစ်နေသူက ပေါက်ချွန်းဖြင့် ခုတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

” အိမ်ရှင်က ထိခိုက်ဒဏ်ရာ ရသွားတာ၊ ကိုယ့်ကိုကူညီပေးခဲ့သူကို ဘာလို့လုပ်သွားတာလဲဆိုတာတော့ မသိရဘူး၊ ပတ်၀န်းကျင်ကပြောတာတော့ အဲ့ဒီဒုက္ခရောက်နေသူက အရက်ကြောင်ပြီး လုပ်လိုက်တာလို့ ပြောပါတယ်”ဟု ဇီဝိတအလင်းဖောင်ဒေးရှင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကိုထွန်းထွန်း၀င်းတွင် လည်ပင်း ခုတ်ထွင်းပွင့်ထွက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် ဒဏ်ရာအား ပိတ်စေကာ မုဒုံမြို့ပြည်သူဆေးရုံ သို့ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် မော်လမြိုင်ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ဒဏ်ရာမှာပြင်းထန်သော်လည်း အသက်အန္တရယ်မစိုးရိမ်ရတော့ကြောင်း သိရသည်။

ဓာတ်ပုံ – ဇီဝိတအလင်းဖောင်ဒေးရှင်း


LEAVE A REPLY

Please enter your comment!
Please enter your name here