ပြင်ဦးလွင်မြို့နယ်ရှိ တောင်ပုလရန်အောင်မြင်ကပ်ကျော်သစ္စာရှင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် မနက်ဖြန်၌ ဒူးရင်းသီးစတုဒီသာပွဲတော်ပြုလုပ်မည်

0
338

မန္တလေးတိုင်း၊ပြည်ဦးလွင်မြို့နယ်၊ဝက်ဝံကျေး ရွာအုပ်စု၊ပိတ်ချင်းမြှောင်လိုဏ်ဂူအနီးရှိ တောင်ပုလရန်အောင်မြင်ကပ်ကျော်သစ္စာရှင်ဆုတောင်း ပြည့်စေတီတော်မြတ်ကြီးတွင် မေ ၂၁ ရက်(မနက်ဖြန်)၌ ဒူးရင်းသီးစတုဒိသာပွဲတော်ကျင်းပသွားမည်ဖြစ်သည်။

တောင်ပုလတောင်တော်သို့ ဘုရားဖူးလာရောက်သူများအား လတ်ဆတ်ချိုမြိန်၍အရသာရှိသည့် ဒူရင်းသီးအလုံးရေ ၁၀၀၀ ဖြင့်ဒူးရင်းသီးစတုဒီသာဒါနပြုကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒူးရင်းသီးစတုဒိသာပဲတော်အား နံနက် ၉ နာရီမှစတင်၍ ကြိုက်နှစ်သက်သလောက်(အဝ)စားသုံးနိုင်ပြီး အထုတ်ဖြင့်ထုတ်ကာ သယ်ဆောင်ခြင်းများကို လုံးဝခွင့်မပြုထားကြောင်း သိရသည်။

“ဒူးရင်းသီးအလုံးရေ ၇၀၀ နဲ့ကျွေးမွေးဖို့စီစဥ်ထားပေမယ့် အားပေးကြတဲ့လူတွေများလို့ နောက်ထပ်အလုံးရေ ၃၀၀ ထပ်ဖြည့်ပြီး ဒူးရင်းသီးအလုံးရေ ၁၀၀၀ လုံးနဲ့ ဒူးရင်းသီးစတုဒိီသာပွဲတော်ကို ကျင်းပသွားမှာပါ”ဟု တောင်ပုလဆရာတော် အရှင်ပညာဘောဂမှမိန့်ကြားထားသည်။

ဒူးရင်းသီးစတုဒိသာပွဲတော်၌ နိုင်ငံကျော်တေးသံရှင်များမှလည်း တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

Photo-အရှင်ပညာဘောဂ


LEAVE A REPLY

Please enter your comment!
Please enter your name here