ရန်ကုန်-မန္တလေး-ဒွန်မောင်း ခရီးစဉ်သစ်ကို လာမည့် ဇွန်လတွင် MAI လေကြောင်းလိုင်းမှပြေးဆွဲမည်

0
304

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ရန်ကုန်၊ မန္တလေးမြို့တွေကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်ကို တစ်ပတ်လျှင် ငါးကြိမ် ပျံသန်းမည့် လေကြောင်း ခရီးစဉ်သစ်ကို လာမည့် ဇွန် ၁၅ ရက်တွင် စတင်ပျံသန်း ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

MAI လေကြောင်းလိုင်းအနေဖြင့် နိုင်ငံတကာ ခရီးစဉ်သစ်တွေကို တိုးချဲ့ပျံသန်းပြေးဆွဲနေပြီး ပြီးခဲ့သည့် မေ ၆ ရက်ကလည်း ရန်ကုန်မှ အိန္ဒိယနိုင်ငံ ၊ ချန်နိုင်းမြို့သို့ တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် လေကြောင်းခရီးစဉ်သစ်ကို စတင်ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။

ယင်းအပြင် ခရီးသည်လိုက်ပါစီးနင်းသည့်အပေါ်မူတည်ပြီး ယခုမေလမှစတင်ကာ စင်ကာပူ၊ ဒူဘိုင်းနှင့် ဆိုးလ်-အင်ချွန်းမြို့သို့ လေကြောင်းခရီးစဉ် ပျံသန်းမှု အကြိမ်ရေ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တွေကို အခြေပြု၍ ပြည်တွင်းရှိ မြို့များနှင့် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ယူအေအီး၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား အပါအဝင် မြို့ပေါင်း ၂၇ မြို့သို့လေယာဉ် ၁၀ စီးဖြင့်ပျံသန်း ပြေးဆွဲပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here