မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် ထိုင်းနိုင်ငံသားများက လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်

0
143

မြန်မာနိုင်ငံမှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် မြန်မာနိုင်ငံရှိ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက ရန်ကုန်မြို့တွင်ရှိသည့် ထိုင်းသံရုံးမှတဆင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်

ယမန်နေ့ မေလ (၁၉) ရက်က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(MRSC)ရုံးတို့တွင်ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းနှင့် အလှူရှင်များက လှူဒါန်းခဲ့သည့် ကယ်ဆယ်ရေးပစ္စည်းများကိုလွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းနဲ့ အလှူရှင်များက မုန်တိုင်းသင့်ပြည်သူများကို ဆန်အိတ် ၂၀ အိတ်၊ သောက်ရေသန့် ၇၀ ဘူး၊ ခေါက်ဆွဲခြောက် ၄၅ ဘူး၊ငါးသေတ္တာ ၅၀၀ ဘူး၊ကြက်ဥ ၁၀၀၀၀ လုံး၊ကြက်အူချောင်း ၂၀၀၀ ထုပ်နဲ့ မြန်မာငွေကျပ် ၂,၀၀၀,၀၀၀ အပါအဝင် အမေရိကန်ဒေါ်လာ ၃,၀၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကြက်ခြေနီအသင်း(MRCS)ကို ဆက်သွယ်လှူဒါန်းလိုသည့် ထိုင်းပြည်သူများအနေဖြင့် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) နှင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး ရန်ကုန်မြို့ရှိ ထိုင်းသံရုံးကိုလည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်းထိုင်းသံရုံးက အသိပေးထားသည်။

Photo – Royal Thai Embassy, Yangon


LEAVE A REPLY

Please enter your comment!
Please enter your name here