မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယွမ် ၁ သိန်းတန်ဖိုးရှိ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်း

0
214

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ “မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများ၌အသုံးပြုရန် ယွမ် ၁ သိန်းတန်ဖိုးရှိ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်းများအား မေ ၂၀ ရက်(ယနေ့) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်သံရုံးမှလှူဒါန်းသည့် ယွမ် ၁ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများအား သံရုံးယာယီတာဝန်ခံ Mr. Jia Junjie ကလွှဲပြောင်းလှူဒါန်းရာ နစက ဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခေါက်ဆွဲခြောက် ၉၃၀ ပုံး၊ဘီစကစ် ၄၁၇ ပုံး၊သောက်သုံးရေ ၃၆၆၇ ပုံးတို့အား တရုတ်သံရုံးမှလှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ် လှူဒါန်းမှုသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့်ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးကိုထင်ဟပ်နေကာ မြန်မာပြည်သူများ၏ အခက်အခဲများကိုသေချာပေါက်အနိုင်ယူနိုင်မည်ဟုယုံကြည်ကြောင်း တရုတ်သံရုံးယာယီတာဝန်ခံ Mr. Jia Junjie ကပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံမှတတ်နိုင်သမျှ ပံ့ပိုးကူညီမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ ပုံမှန်ထုတ်လုပ်မှု၊လူနေမှုဘဝကို အမြန်ဆုံးပြန်လည်ရရှိလာစေရန် ကူညီပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများဖြစ်သည့် POWERCHINA ၊ CITIC ၊ PetroChina ၊ VPower ၊ Conch Cement တို့မှလည်း မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် ထောက်ပံ့ပစ္စည်းများနှင့်အလှူငွေများလှူဒါန်းခဲ့ပြီး သဘာဝဘေးသင့်ဒေသများ၏ လမ်းများ၊လျှပ်စစ်၊ဆက်သွယ်ရေး၊အခြေခံအဆောက်အအုံများ ပြန်လည်ပြုပြင်ရန်လည်းပံ့ပိုးကူညီပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here