ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် အမျိုးသမီး ၁ ဦး မိုးကြိုးပစ်ခံရ၍သေဆုံး

0
154

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၀ ရပ်ကွက်၊ကျောင်းလမ်းစျေးတွင် မေ ၁၉ ရက်ညနေ ၅ နာရီကျော်ခန့်က အမျိုးသမီး ၁ ဦးမိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း မြောက်ဒဂုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ညနေ ၅ နာရီကျော်ခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းနေချိန်၌ ၃၀ ရပ်ကွက်၊ကျောင်းလမ်းစျေးရှိ သစ်ပင်အောက်တွင်စျေးရောင်းနေသည့် အသက် (၃၀)နှစ်ခန့်ရှိ အမျိုးသမီး ၁ ဦးမိုးကြိုးပစ်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်အား မြောက်ဒဂုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မိုးကြိုးပစ်ခံရသည့် အမျိုးသမီးအား အသက်ကယ်ဆယ်နိုင်ရန် မြေပြင်ကုသမှုများပြုလုပ်ခဲ့ကြသော်လည်း အမျိုးသမီးမှာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား မြောက်ဥက္ကလာပဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြောက်ဒဂုံမြို့နယ်ကြက်ခြေနီ


LEAVE A REPLY

Please enter your comment!
Please enter your name here