ကိုဗစ်ပြီးနောက် ပြုံးပြတတ်အောင် အပြုံးပြန်ကျင့်နေရတဲ့ ဂျပန်လူမျိူးများ

0
262

သုံးနှစ်သာ ကြာမြင့်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း နှာခေါင်းစည်းတွေကို အဆက်မပြတ် တပ်ဆင်ခဲ့ရတဲ့ ဂျပန်လူမျိုးတွေဟာ လက်ရှိအချိန်မှာတော့ ပြုံးနည်းသင်တန်းတွေဆီ အပြေးအလွှား တက်ရောက်နေကြတယ်လို့ သိရပါတယ်။

ပြုံးပြတာဟာ သဘာဝအလျောက် တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သုံးနှစ်တိတိ နှာခေါင်းစည်းတွေနဲ့ နေခဲ့ရပြီးနောက် ဂျပန်လူမျိုးတို့အတွက် လူလူချင်းတွေ့ပြီး ပြုံးပြ နှုတ်ဆက်တဲ့အခါ အရင်လို သက်သောင့်သက်သာ မရှိတော့ဘဲ ကသိကအောက်ဖြစ်ကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ကျဆင်းလာပုံရပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးအချို့ဟာ ပြုံးနည်းကျင့်ပေးသူတွေဆီမှာ အခကြေးငွေပေးပြီး ကတိကအောက်မဖြစ်ဘဲ သွားပေါ်အောင် ပြုံးတတ်ဖို့ လေ့ကျင့်နေကြတယ်လို့ သိရပါတယ်။

အပြုံးဟာ ဖော်ရွေမှု၊ ယုံကြည်စိတ်ချရမှုနဲ့ နှစ်လိုဖွယ်ဖြစ်မှုတွေကို သယ်ဆောင်ပေးတဲ့ အရာဖြစ်ပေမယ့်လို့ သေချာ မပြုံးပြတတ်ရင်တော့ အဲဒီအရာတွေဟာ ပြုံးပြခံရတဲ့လူတွေဆီ ရောက်မှာမဟုတ်ပါဘူး။ ရှေးမြန်မာ အမျိုးသမီးတွေတောင် အပြုံးလှဖို့အတွက် အိမ်မှာနေရင်း အပြုံးလေ့ကျင့်ကြတယ်ဆိုပြီး ကြားဖူးပါတယ်။

၂၀၁၇ ခုနှစ်ကစပြီး အပြုံးနည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီး လူလေးထောင်ခန့်ကို ပြုံးနည်း သင်ကြားပေးထားတဲ့ ခဲခို ကာဝါနို က မကြာသေမီးကပဲ သူ့ဆီကို ပြုံးနည်းသင်ဖို့ လာရောက်တောင်းဆိုတဲ့သူတွေ တဟုန်ထိုး မြင့်တက်လာတယ်လို့ ပြောလာပါတယ်။

ပုံမှန် ပြုံးနည်းသင်တန်းတွေမှာတော့ ပထဆုံးအနေနဲ့ မျက်နှာရဲ့ အစိတ်အပိုင်းတွေနဲ့ လည်ပင်းတစ်ဝိုက်နားကို အကြောလျော့တာကနေ စတင်ပါတယ်။ ပြီးရင်တော့ လက်ကိုင်မှန်ကို မျက်နှာရှေ့ထားပြီး နည်းပြက လမ်းညွှန်ပေးတဲ့အတိုင်း နွေးနွေးထွေးထွေးနဲ့ အတောက်ပဆုံး ပြုံးပြတတ်အာင် လေ့ကျင့်ရပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာကတော့ ပြုံးနည်းသင်တန်းတွေဟာ ဂျပန်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တာပါ။ ဒါပေမယ့် ကိုဗစ်အပြီးမှာမှ တစ်ဖန် ပြန်လည်ခေတ်စားလာတာ ဖြစ်ပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here