ဆန်အိတ် ၁၀၀၀ နှင့် စပါးတင်း ၅၀၀၀ အထက် သိုလှောင်ထားပါက စားသုံးသူရေးရာဦးစီးဌာနတွင် မှတ်ပုံတင်ရမည်

0
403

ဆန်စပါးအရောင်းအဝယ်လုပ်ကိုင်သူများအနေဖြင့် ဆန်အိတ် ၁၀၀၀ နှင့် စပါးတင်း ၅၀၀၀ အထက် သိုလှောင်ထားပါက စားသုံးသူရေးရာဦးစီးဌာနတွင်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်ကြီးများအသင်းမှ သိရသည်။

ဆန်ဈေးကွက်တွင် အမြတ်များများရလိုမှုနှင့် သမားရိုးကျမဟုတ်ဘဲ ဆန်ဈေးတက်အောင် သိုလှောင်ခြင်းများကို ထိန်းကျောင်းနိုင်ရန်အတွက် ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို ဖွဲစည်းထားကြောင်း သိရသည်။

ယခင်က ဆန်စပါး သိုလှောင်မည်ဆိုပါက မည်သည့်ဌာနကိုမှ စာရင်းတင်ပြစရာမလိုပဲ မှတ်ပုံတင်လျှောက်ထားရခြင်းမျိုးလည်း မရှိခဲ့ကြောင်း၊ လက်ရှိတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ICT နှင့် Digital နည်းပညာကို အသုံးပြုကာ အွန်လိုင်းမှမှတ်ပုံတင်ခြင်းစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း၊သိုလှောင်မှတ်ပုံတင်သည့်စနစ်တွင် တောင်သူလယ်သမားများသိုလှောင်သည့် သိုလှောင်ရုံများမပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here